လူ့ခန္ဓာကိုယ်အတွက် အာဟာရရဲ့ အရေးပါမှု
အာဟာရဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ အခြေခံအုတ်မြစ်တစ်ခုလိုပါ။
အိမ်တစ်လုံးကို ခိုင်ခံ့ အောင် တည်ဆောက်ဖို့ အုတ်မြစ်ကောင်းကောင်းလိုအပ်သလို ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ကျန်းမာပြီး သန်စွမ်းဖို့လည်း အာဟာရဓာတ်တွေ မျှတစွာ ရရှိဖို့ လိုအပ်ပါတယ်။
ဒီအာဟာရဓာတ်တွေဟာ ကျမတို့ နေ့စဉ်ဘဝမှာ တက်ကြွစွာ လှုပ်ရှားနိုင်ဖို့၊ ရောဂါတွေ ကို ကာကွယ်ဖို့ နဲ့ ကျန်းမာတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ အဓိက အခန်းကဏ္ဍက ပါဝင်ပါတယ်။
ပထမဆုံးအနေနဲ့ အာဟာရဟာ ခန္ဓာကိုယ်ကို စွမ်းအင်ပေးတဲ့ လောင်စာဆီ ဖြစ်ပါတယ်။ ကျမတို့ နေ့စဉ်ဘဝမှာ လှုပ်ရှားနိုင်ဖို့၊ အလုပ်လုပ်နိုင်ဖို့၊ စာသင်နိုင်ဖို့ စွမ်းအင်လိုအပ်ပါတယ်။ ဒီစွမ်းအင် ကို ကာဗိုဟိုက်ဒရိတ်၊ အဆီ နဲ့ ပရိုတင်းတို့ကနေ ရရှိပါတယ်။
ဥပမာ- ဆန်စပါး၊ အာလူး သို့မဟုတ် ပေါင်မုန့်လို အစားအစာတွေက ကာဗိုဟိုက်ဒရိတ် ပေးပြီး ကျွန်ုပ်တို့ကို တစ်နေ့တာ လှုပ်ရှားနိုင်ဖို့ အားဖြည့်ပေးပါတယ်။
ဒုတိယအနေနဲ့ အာဟာရဟာ ခန္ဓာကိုယ်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ပြုပြင်မှု အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ကလေးတွေရဲ့ ကိုယ်အလေးချိန်နဲ့ အရပ်ရှည်ထွားဖို့၊ လူကြီးတွေရဲ့ ဆဲလ်တွေ ပြန်လည်ပြုပြင်ဖို့၊ ဒဏ်ရာတွေ ပျောက်ကင်းဖို့ ပရိုတင်းဓာတ်ဟာ အဓိကကျပါတယ်။
အသား၊ ငါး၊ ဥ၊ ပဲအမျိုးမျိုးလို အစားအစာတွေက ပရိုတင်းဓာတ်ကို ဖြည့်ဆည်းပေးပြီး ခန္ဓာကိုယ်ကို သန်မာစေပါတယ်။
တတိယအနေနဲ့ကတော့ အာဟာရဓာတ်ဟာ ရောဂါတွေကို ကာကွယ်ပေးတဲ့ သဘာဝ လက်နက် တစ်ခုပါ။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို သန်မာစေပြီး ရောဂါတွေကို တိုက်ဖျက်နိုင်ဖို့ ကူညီပါတယ်။
ဥပမာ- ဗီတာမင် C ကို သံပယိုသီး၊ လိမ္မော်သီးတွေကနေ ရရှိပြီး တုပ်ကွေးလို ရောဂါ တွေကို ကာကွယ်ပေးပါတယ်။
ဒါ့အပြင် သံဓာတ်၊ ကယ်လ်ဆီယမ်လို သတ္တုဓာတ်တွေကလည်း သွေးအားနည်းရောဂါ (ဒါမှမဟုတ်) အရိုးပါးရောဂါတွေကို ကာကွယ်ဖို့ အထောက်အကူ ပြုပါတယ်။
ထပ်ပြီး အာဟာရဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိန်းညှိပေးပါတယ်။ အာဟာရဓာတ်တွေ မမျှတရင် စိတ်ဓာတ်ကျတာ၊ ပင်ပန်းနွမ်းနယ်တာလို ပြဿနာတွေ ဖြစ်ပေါ် လာနိုင်ပါတယ်။
ဥပမာ- ငါးများ၊ အခွံမာသီးတွေကနေ ရရှိတဲ့ အိုမီဂါ-၃ အဆီဓာတ်ဟာ ဦးနှောက်ရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။
ဒါကြောင့် အာဟာရဆိုတာ ဆေးတစ်လုံးလို ချက်ချင်းအကျိုးမပြပေမယ့် ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို အမြစ်ကနေ သန်မာစေတဲ့ သဘာဝဆေးတစ်လက်မှ မမြှင့်တင်ပေးပါတယ်။ မြန်မာနိုင်ငံမှာ နေ့စဉ်စားသုံးတဲ့ ဆန်၊ ဟင်းသီးဟင်းရွက်၊ အသားငါး၊ သစ်သီးတွေကနေ အာဟာရဓာတ်တွေကို လွယ်ကူစွာ ရယူနိုင်ပါတယ်။ ဒါပေမယ့် ဒီအစားအစာတွေကို မျှတအောင် ရွေးချယ်စားသုံးဖို့ကတော့ အဓိကပါ။
ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် ကျွန်ုပ်တို့ဟာ ရောဂါတွေကို ကာကွယ်နိုင်ပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ။