ဗီတာမင် C
ဗီတာမင် C ဟာ ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်အမျိုးအစားဖြစ်ပါတယ်။ ဒီဗီတာမင်က ကျွန်မတို့ရဲ့ ကိုယ်ခံအားစနစ်၊ အသားအရေကျန်းမာရေး၊ အနာကျက်မြန်စေမှုနဲ့ သံဓာတ်စုပ်ယူမှု ပိုကောင်းလာစေဖို့ အရေးပါတဲ့ အာဟာရဓာတ်တစ်မျိုးပါ။
• ဗီတာမင် C ကို ခန္ဓာကိုယ်က ထုတ်လုပ်နိုင်သလား?
ဗီတာမင် C ကို ကျွန်မတို့ရဲ့ ခန္ဓာကိုယ်က သူ့ဘာသာသူ ထုတ်လုပ်နိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် ဒီဗီတာမင်ကို နေ့စဉ် အစားအစာတွေကနေ မဖြစ်မနေ ရယူဖို့ လိုအပ်ပါတယ်။
• ဗီတာမင် C ကို ခန္ဓာကိုယ်မှာ သိုလှောင်ထားနိုင်သလား?
ဗီတာမင် C ဟာ ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်ဖြစ်တာကြောင့် ခန္ဓာကိုယ်ထဲမှာ သိုလှောင် ထားနိုင်စွမ်း သိပ်မရှိပါဘူး။ လိုအပ်တာထက် ပိုတဲ့ ပမာဏကို ဆီးကနေ စွန့်ထုတ်လိုက်တာမို့ နေ့တိုင်း မျှတစွာ စားသုံးပေးဖို့ လိုပါတယ်။
• ဗီတာမင် C ချို့တဲ့လျှင် ကြုံတွေ့ရမယ့် ကျန်းမာရေးပြဿနာများ
ဗီတာမင် C ချို့တဲ့ရင် “စကာဗီရောဂါ” (Scurvy) လို့ခေါ်တဲ့ အခြေအနေ ဖြစ်လာ နိုင်ပါတယ်။ ဒါကြောင့် သွားဖုံးသွေးထွက်တာ၊ အနာကျက်နှေးတာ၊ အသားအရေခြောက် သွေ့တာ၊ ပင်ပန်းနွမ်းနယ်တာ၊ ကိုယ်ခံအားနည်းပြီး ဖျားနာလွယ်တာတွေ ဖြစ်လာနိုင်ပါတယ်။ သံဓာတ်စုပ်ယူမှု နည်းတာကြောင့် သွေးအားနည်းတာလည်း ဖြစ်တတ်ပါတယ်။
• ဗီတာမင် C ပိုလျှံလွန်းလျှင် ကြုံတွေ့ရမယ့် ကျန်းမာရေးပြဿနာများ
ဗီတာမင် C ဟာ ရေမှာ ပျော်ဝင်တာမို့ သဘာဝအစားအစာကနေ ပိုလျှံတာက ခဲယဉ်း ပါတယ်။ ဒါပေမယ့် ဓာတုဆေးတွေ အလွန်အကျွံ သောက်မိရင် ဝမ်းလျှောတာ၊ ဗိုက်အောင့်တာ၊ အစာမကြေတာ၊ ကျောက်ကပ်ကျောက်တည်နိုင်ခြေ များလာတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါက အစားအစာကနေ ပိုတာထက် ဓာတုဆေးတွေ မျှမတ သောက်မိတဲ့အခါ ပိုဖြစ်တတ်ပါတယ်။
• ဗီတာမင် C ရရှိနိုင်တဲ့ သဘာဝအရင်းအမြစ်များ
ဗီတာမင် C ကို မြန်မာ့ဒေသခံ အစားအစာတွေကနေ လွယ်ကူစွာ ရယူနိုင်ပါတယ်။
ဥပမာ -
• လိမ္မော်သီး (အချိုရည်လုပ်စားလည်းရတယ်၊ အသီးလိုက် စားလည်းရတယ်)
• သံပရာသီး (သုပ်ထဲထည့်တာ၊ ရေညှစ်သောက်တာတွေ လုပ်လို့ရတယ်)
• မာလကာသီး (အသီးလိုက် စားလည်းရတယ်၊ အချိုရည်လုပ်လည်းရတယ်)
• ပန်းပွင့်စိမ်း (ဟင်းချိုထဲ ထည့်ချက်လို့ရတယ်)
• ခရမ်းချဉ်သီး (သုပ်စားတာ၊ ဟင်းချက်တာတွေ လုပ်လို့ရတယ်)
သဘာဝအရင်းအမြစ်က ရရှိတဲ့ ဗီတာမင် C နှင့် ဓာတုဆေး ဗီတာမင် C ကွာခြားချက်
သဘာဝအစားအစာကနေရတဲ့ ဗီတာမင် C ဟာ ခန္ဓာကိုယ်က လိုအပ်သလောက် အသုံး ပြုပြီး ပိုတာကိုဆီးကနေ သဘာဝအတိုင်း စွန့်ထုတ်လိုက်တာမို့ ဘေးကင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။
ဒါပေမယ့် ဓာတုဆေးနဲ့ ဖြည့်စွမ်းထားတဲ့ ဗီတာမင် C ကို မလိုအပ်ဘဲ အလွန် အကျွံသောက်မိရင် ဝမ်းလျှောတာ၊ ဗိုက်အောင့်တာ၊ ကျောက်ကပ်ကျောက်တည်နိုင်ခြေ များလာ တာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ဓာတုဆေးတွေ မသောက်ဘဲ သဘာဝအစားအစာကနေ ရယူတာကသာ အကောင်းဆုံးပါ။