top of page

ဗီတာမင် B1 (Thiamine)

ဗီတာမင် B1 သို့မဟုတ် Thiamine ဟာ ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်အမျိုး အစားဖြစ်ပါတယ်။ ဒီဗီတာမင်က ကျွန်မတို့ရဲ့ စွမ်းအင်၊ အာရုံကြောနဲ့ နှလုံးကျန်းမာရေးအတွက် မရှိမဖြစ် အရေးပါတဲ့ အာဟာရဓာတ်တစ်မျိုးပါ။

          •         ဗီတာမင် B1 ကို ခန္ဓာကိုယ်က ထုတ်လုပ်နိုင်သလား?

ဗီတာမင် B1 ကို ကျွန်မတို့ရဲ့ ခန္ဓာကိုယ်က သူ့ဘာသာသူ ထုတ်လုပ်နိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် ဒီဗီတာမင်ကို နေ့စဉ် အစားအစာတွေကနေ ရယူဖို့ လိုအပ်ပါတယ်။

          •         ဗီတာမင် B1 ကို ခန္ဓာကိုယ်မှာ သိုလှောင်ထားနိုင်သလား?

ဗီတာမင် B1 ဟာ ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်ဖြစ်တာကြောင့် ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားနိုင်စွမ်း သိပ်မရှိပါဘူး။ လိုအပ်တာထက် ပိုတဲ့ ပမာဏကို ဆီးကနေ စွန့်ထုတ် လိုက်တာမို့ နေ့တိုင်း မျှတစွာ စားသုံးပေးဖို့ လိုပါတယ်။

          •         ဗီတာမင် B1 ချို့တဲ့လျှင် ကြုံတွေ့ရမယ့် ကျန်းမာရေးပြဿနာများ

ဗီတာမင် B1 ချို့တဲ့ရင် ပင်ပန်းနွမ်းနယ်တာ၊ အာရုံစူးစိုက်မှု နည်းတာ၊ ခြေလက် ထုံကျင်တာ၊ နှလုံးခုန်မမှန်တာတွေ ဖြစ်လာနိုင်ပါတယ်။ ပိုဆိုးရင် “ဘယ်ရီဘယ်ရီ” (Beriberi) လို့ခေါ်တဲ့ ရောဂါဖြစ်ပြီး ခြေထောက်ရောင်တာ၊ လမ်းမလျှောက်နိုင်တာတွေ ဖြစ်လာတတ် ပါတယ်။

          •         ဗီတာမင် B1 ပိုလျှံလွန်းလျှင် ကြုံတွေ့ရမယ့် ကျန်းမာရေးပြဿနာများ

ဗီတာမင် B1 ဟာ ရေမှာပျော်ဝင်တာမို့ သဘာဝအစားအစာကနေ ပိုလျှံတာက ခဲယဉ်း ပါတယ်။ ဒါပေမယ့် ဓာတုဆေးတွေ အလွန်အကျွံ သောက်မိရင်တော့ မအီမသာဖြစ်တာ၊ ဗိုက်အောင့်တာ၊ အင်ပြည့်အနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကလည်း အစားအစာကနေ ပိုတာထက် ဓာတုဆေးတွေ မျှမတ သောက်မိတဲ့အခါ ပိုဖြစ်တတ်ပါတယ်။

          •         ဗီတာမင် B1 ရရှိနိုင်တဲ့ သဘာဝအရင်းအမြစ်များ

ဗီတာမင် B1 ကို မြန်မာ့ဒေသခံ အစားအစာတွေကနေ လွယ်ကူစွာ ရယူနိုင်ပါတယ်။

ဥပမာ -

          •         ဆန်လုံးညို (နေ့တိုင်း ထမင်းချက်ရင် အလွယ်ရတယ်)

          •         ပဲစဉ်းငုံ (ဟင်းချိုထဲ ထည့်ချက်လို့ရတယ်)

          •         မြေပဲ (မုန့်ဖုတ်ထဲထည့်တာ၊ သုပ်စားတာတွေ လုပ်လို့ရတယ်)

          •         ဝက်သား (မြန်မာ့ရိုးရာ ဝက်သားဟင်းတွေမှာ ပါတယ်)

          •         ကြက်ဥ (ပြုတ်စားလည်းရတယ်၊ ကြော်စားလည်းရတယ်)

 

သဘာဝအရင်းအမြစ်က ရရှိတဲ့ ဗီတာမင် B1 နှင့် ဓာတုဆေး ဗီတာမင် B1 ကွာခြားချက်
သဘာဝအစားအစာကနေရတဲ့ ဗီတာမင် B1 ဟာ ခန္ဓာကိုယ်က လိုအပ်သလောက် အသုံးပြုပြီး ပိုတာကိုဆီးကနေ သဘာဝအတိုင်း စွန့်ထုတ်လိုက်တာမို့ ဘေးကင်းပြီး ကျန်းမာ ရေးနဲ့ ညီညွတ်ပါတယ်။ ဒါပေမယ့် ဓာတုဆေးနဲ့ ဖြည့်စွမ်းထားတဲ့ ဗီတာမင် B1 ကို မလိုအပ်ဘဲ အလွန်အကျွံသောက်မိရင် ခန္ဓာကိုယ်က မလိုအပ်တဲ့ဓာတုပစ္စည်းတွေ စုပုံလာပြီး မအီမသာ၊ ဗိုက်အောင့်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ဓာတုဆေး တွေ မသောက်ဘဲ သဘာဝအစားအစာကနေ ရယူတာကသာ အကောင်းဆုံးပါ။

  • Hand Phone Icon
  • Youtube
  • Facebook
  • FB Icon
  • Telegram
  • Line
bottom of page