top of page

ဗီတာမင် B6 (Pyridoxine)

ဗီတာမင် B6 သို့မဟုတ် Pyridoxine ဟာ ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်အမျိုးအစားဖြစ်ပါတယ်။ ဒီဗီတာမင်က ကျွန်မတို့ရဲ့ ဦးနှောက်နဲ့ အာရုံကြော၊ သွေးကျန်းမာရေး၊ ကိုယ်ခံအားနဲ့ အမျိုးသမီးတွေရဲ့ သဘာဝလိုအပ်ချက်တွေအတွက် အရေးပါတဲ့ အာဟာရဓာတ်တစ်မျိုးပါ။

          •         ဗီတာမင် B6 ကို ခန္ဓာကိုယ်က ထုတ်လုပ်နိုင်သလား?

ဗီတာမင် B6 ကို ကျွန်မတို့ရဲ့ ခန္ဓာကိုယ်က သူ့ဘာသာသူ ထုတ်လုပ်နိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် ဒီဗီတာမင်ကို နေ့စဉ် အစားအစာတွေကနေ မဖြစ်မနေ ရယူဖို့ လိုအပ်ပါတယ်။

          •         ဗီတာမင် B6 ကို ခန္ဓာကိုယ်မှာ သိုလှောင်ထားနိုင်သလား?

ဗီတာမင် B6 ဟာ ရေမှာပျော်ဝင်တဲ့ ဗီတာမင်ဖြစ်တာကြောင့် ခန္ဓာကိုယ်ထဲမှာ သိုလှောင် ထားနိုင်စွမ်း သိပ်မရှိပါဘူး။ ဒါပေမယ့် အနည်းငယ်ကိုတော့ အသည်းနဲ့ ကြွက်သားတွေမှာ သိုလှောင်ထားနိုင်ပြီး လိုအပ်တာထက် ပိုတဲ့ ပမာဏကို ဆီးကနေ စွန့်ထုတ်လိုက်တာမို့ နေ့တိုင်း မျှတစွာ စားသုံးပေးဖို့ လိုပါတယ်။

          •         ဗီတာမင် B6 ချို့တဲ့လျှင် ကြုံတွေ့ရမယ့် ကျန်းမာရေးပြဿနာများ

ဗီတာမင် B6 ချို့တဲ့ရင် သွေးအားနည်းတာ၊ အာရုံစူးစိုက်မှု နည်းတာ၊ စိတ်ဓာတ်ကျတာ၊ အာရုံကြောထုံကျင်တာ၊ နှုတ်ခမ်းကွဲတာတွေ ဖြစ်လာနိုင်ပါတယ်။ အမျိုးသမီးတွေမှာ ဓမ္မတာမ လာခင် ဗိုက်ပူဖောင်းတာ၊ စိတ်အပြောင်းအလဲဖြစ်တာတွေ ပိုဆိုးလာနိုင်ပါတယ်။

          •         ဗီတာမင် B6 ပိုလျှံလွန်းလျှင် ကြုံတွေ့ရမယ့် ကျန်းမာရေးပြဿနာများ

ဗီတာမင် B6 ဟာ ရေမှာ ပျော်ဝင်တာမို့ သဘာဝအစားအစာကနေ ပိုလျှံတာက ခဲယဉ်း ပါတယ်။ ဒါပေမယ့် ဓာတုဆေးတွေ အလွန်အကျွံသောက်မိရင် အာရုံကြောထိခိုက်တာ၊ လက်တွေခြေတွေထုံကျင်တာ၊ လမ်းမလျှောက်နိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါက အစား အစာကနေ ပိုတာထက် ဓာတုဆေးတွေ မျှမတ သောက်မိတဲ့အခါ ပိုဖြစ်တတ်ပါတယ်။

          •         ဗီတာမင် B6 ရရှိနိုင်တဲ့ သဘာဝအရင်းအမြစ်များ

ဗီတာမင် B6 ကို မြန်မာ့ဒေသခံ အစားအစာတွေကနေ လွယ်ကူစွာ ရယူနိုင်ပါတယ်။

ဥပမာ -

          •         ကြက်သား (မြန်မာ့ရိုးရာ ကြက်သားဟင်းတွေမှာ ပါတယ်)

          •         ငါးကြင်း (မြန်မာ့ရိုးရာ ငါးကြင်းဟင်းချိုမှာ ရတယ်)

          •         ငှက်ပျောသီး (မနက်စာ ဒါမှမဟုတ် အဆာပြေ စားလို့ရတယ်)

          •         ကန်းစွန်းဥ (ပြုတ်စားလည်းရတယ်၊ မီးဖုတ်စားလည်းရတယ်)

          •         ပဲစဉ်းငုံ (ဟင်းချိုထဲ ထည့်ချက်လို့ရတယ်)

 

 

သဘာဝအရင်းအမြစ်က ရရှိတဲ့ ဗီတာမင် B6 နှင့် ဓာတုဆေး ဗီတာမင် B6 ကွာခြားချက်

သဘာဝအစားအစာကနေ ရတဲ့ ဗီတာမင် B6 ဟာ ခန္ဓာကိုယ်က လိုအပ်သလောက် အသုံးပြုပြီး ပိုတာကိုဆီးကနေ သဘာဝအတိုင်း စွန့်ထုတ်လိုက်တာမို့ ဘေးကင်းပြီး ကျန်းမာ ရေးနဲ့ ညီညွတ်ပါတယ်။

ဒါပေမယ့် ဓာတုဆေးနဲ့ ဖြည့်စွမ်းထားတဲ့ ဗီတာမင် B6 ကို မလိုအပ်ဘဲ အလွန်အကျွံသောက်မိရင် အာရုံကြောထိခိုက်တာ၊ လက်ခြေထုံကျင်တာတွေ ဖြစ်လာနိုင်ပါ တယ်။ ဒါကြောင့် ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ဓာတုဆေးတွေ မသောက်ဘဲ သဘာဝအစား အစာကနေ ရယူတာကသာ အကောင်းဆုံးပါ။

  • Hand Phone Icon
  • Youtube
  • Facebook
  • FB Icon
  • Telegram
  • Line
bottom of page